မေ..အိုင်..ဟဲ..ယူ



ဟလို..အမိန့်ရှိပါ
စခန်းမှူးပါ

ဟုတ်....ကျွန်တော်အမှု့တိုင်ချင်လို့

ဘာဖြစ်လဲခင်ဗျာ..ကူညီပါရစေ

ကျွန်တော်..ကျောင်းဆရာပါ
ကျောင်းကအပြန်..လမ်းကွေ့မှာ
တလမ်းကျော်က..အဖိုးကြီးကမူးပြီး
ကျွန်တော့်ကို.ထမင်းဝအောင်စားထားလို့
ခြိမ်းခြောက်တယ်..နောက်ပြီး နှမပေး....
..ငါ -ိုးမသား..လို့ (၃)ခါဆဲတယ်
အဲ့ဒါခြိမ်းခြောက်မှု.. ဆဲဆိုမှုနဲ့ အမှုဖွင့်ချင်လို့ပါ....

ဆရာ့ကိုယ်လုံးကိုယ်ပေါက်ပြောပါ

ဆိုင်လို့လားဗျာ..ကျွန်တော်က ပိန်ပိန်ရှည်ရှည်

ရပါပြီဆရာ.ထမင်းဝအောင်စားထားဆိုတာ
ဆရာကပိန်လို့အားရှိအောင်..စေတနာနဲ့
ပြောတာ..ခြိမ်းခြောက်မှုမမြောက်ဘူး

အင်း..ဟုတ်သားဘဲ...မောင်မင်းကြီးသား
ကျေးဇူးတင်ရမယ်..ဒါဆို ဆဲတာဘဲတိုင်မယ်

ဟို .....နှမပေးဆိုတာက..ဆရာကို
နှမတောင်းတာ..ကမ်းလှမ်းတာဘဲ
ဆဲတာမှမဟုတ်ဘူး..သူတောင်းလဲ
ဆရာ မပေးချင်ရတယ်....

ဟုတ်လား .ဒီအရက်သမားကြီးကို
ငါဘယ်ပေးမလဲ..နောက်ဆဲတာ
တစ်ခုနဲ့ဖွင့်မယ်...

ဆရာ.အဲ့ဒီ..ဆဲတာတိုင်ချင်ရင်..
DNA အရင်စစ် ကြည့်ရမယ်..

ဟာ..ဘာဆိုင်လဲ

သူဆဲတာက ဆရာ့ကိုငါ -ိုးမသားလို့ ဆဲတာမဟုတ်လား

အေးလေ..ဟုတ်တယ်

ဆရာနဲ့ သူကတကယ်သားအဖ တော်နေရင်..အမှန်ပြောတာဘဲ
ဆဲတာမဟုတ်ဘူး

ဟ..ဟုတ်သား..ဒီအဖိုးကြီးနဲ့
ငါ့အမေက ကျောင်းနေဖက်တွေ
ငါ့အမေကို ချော့မေးကြည့်ရမယ်
ဒီအကြောင်းတွေ လျှို့ဝှက်ပေးပါဗျာ

ဟုတ်..ဟုတ်

ကျေးဇူးဘဲ..စခန်းမှူးကြီး :v :v

credit-minmoezaw



ကျွန်တော်သိ၍ကျွန်တော်တတ်၍ရေးသားခြင်းမဟုတ်ပါကျွန်တော်လေ့ လာမိသမျှကိုစာဖတ်သူများထံပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်။

ကျွန်တော့် ပို့ စ်တစ်ခုချင်းဆီအတွက်မူရင်းရေးသားသူများကိုအထူးကျေးဇူးတင်ဥပကာရတင်ရှိပါတယ်။

ဖြိုးလေး(MyanmarYouth)ph-09791169860



Comments