အလွဲများနဲ့လူ
အလွဲများနဲ့လူ
--------------------
မေ့ဆေးပြယ်လို့  နိုးထလာတဲ့အချိန်မှာ သူ ဘေးဘီ ဝဲယာကို ဝေ့ဝိုက်ကြည့်လိုက်ပါတယ်။
သူက လူနာအိပ်ဆောင်ခန်းထဲက ကုတင်ပေါ်မှာ ရှိနေပြီး သူ့ နံဘေးမှာ သူနာပြုဆရာမတစ်ယောက် ရပ်စောင့်နေတာ တွေ့ လိုက်ရတယ်။
ခွဲစိတ်ခန်းထဲမှာ အစစအရာရာ ချောချောမောမော ရှိခဲ့ရဲ့လားလို့  သူက မေးလိုက်တယ်။
သူနာပြုဆရာမလေးက အလှဆုံး ပြုံးပြီး … “အဆင်ပြေပါတယ်ရှင်… အားလုံးချောချောမောမောပါပဲ”
“ကျွန်တော်က ခွဲစိပ်ခံရမှာကို ကြောက်ခဲ့တာဗျ”
“ဘာဖြစ်လို့ ကြောက်ရမှာလဲ၊ စိုးရိမ်စရာ ဘာဆိုဘာမှ မရှိဘူး အင်မတန်ကောင်းတဲ့ ဆေးရုံပါ”
“ကျွန်တော်က အမြဲတမ်း လွဲလွဲလေးတွေနဲ့  ကြုံခဲ့ရသူဆိုတော့ အမှန်အတိုင်းပြောရရင် ကြောက်တယ်ဗျ” … လို့ အစချီပြီး သူ့ ကို မွေးစကတဲက လွဲမှားခဲ့ရတဲ့ အကြောင်းတွေကို စီကာပတ်ကုံး ပြောပြပါတော့တယ်။
သူ့ ကိုမွေးတဲ့ ဆေးရုံမှာ ကလေးချင်းမှားမိလို့  သူ့ အသက် ဆယ်နှစ်သားလောက်အထိ အာရှသား လင်မယားကို သူ့ မိဘလို့ ပဲ မှတ်ယူခဲ့ရတဲ့ကြောင်း။
သူ့ မိဘဆိုသူတွေကလည်း သူတို့ ရဲ့ ကလေးဟာ ဘာလို့  အသားတွေ ဒီလောက်ဖွေးပြီး ဘာလို့ မျက်လုံးဒီလောက် ပြူးရသလဲ ဆိုတာကို အဲဒီတုန်းက ဘယ်လိုမှ စဉ်းစားလို့မတတ်ခဲ့ကြဘူးတဲ့။ နောက်မှ ကလေးချင်းမှားမှန်း သိပြီး သူ့ ကို သူ့ ရဲ့မိရင်းဖရင်း တွေဆီ ပြန်သွားပို့ ပေးကြသတဲ့။
အတိအကျပြောရရင်တော့ သူ့ မိခင်ဆီပြန်ပို့ ပေးတာပါ။ သူ့ အဖေက သူ့ အမေကို နှစ်အတော်ကြာကြာ ကတည်းကပစ်သွားခဲ့ပါပြီ။ ဥရောပသူ သူ့ မိန်းမက တရုတ် ရုပ်နဲ့ ကလေးလေး မွေးလာလို့တဲ့လေ။
“ကျွန်တော်နာမည်ကလည်း မှားပြီး `ရ’ထားတာဗျ”
“ရှင့်နာမည်က လီရီယို မဟုတ်ဘူးလား”
“အမှန်က ကျွန်တော့်ကို လောင်ရိုလို့ မှည့်တာ။ အဲဒါ စိစစ်ရေးရုံးရောက်မှ ဘယ်လိုကနေ ဘယ်လို လီရီယို ဖြစ်သွားလည်း ကျွန်တော်လည်း မပြောတတ်တော့ဘူး။”
သူ့ရဲ့လွဲမှားမှုတွေက အဲဒီမှာတင် အဆုံးမသတ်သေးပါဘူး။ သူကျောင်းတက်တော့လည်း သူ မကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ခဏခဏ မှားပြီး အပြစ်ပေးတာကို ခံခဲ့ရတယ်။
တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို သူက ဂုဏ်ထူးနဲ့ အောင်ပေမယ့် ကွန်ပြူတာက စာရင်းမှားထုတ်လို့  သူ တက္ကသိုလ်တက်ခွင့် မရလိုက်ဘူး။
“ပြီးခဲ့တဲ့ နှစ်နှစ် သုံးနှစ်ကစပြီး ထူးဆန်းတဲ့ တယ်လီဖုန်းအခွန်တွေကို
ဆောင်နေရတယ်ဗျ။ ရှေ့ လတုန်းကဆို တယ်လီဖုန်းခ ငွေ ၃၀၀၀ ဆောင်ခဲ့ရတယ်”
“ရှင်က နိုင်ငံခြားဖုန်းတွေ ခဏခဏ ခေါ်ပုံရတယ်”
“ဘယ်ကလာဗျာ… ကျွန်တော့်အိမ်မှာ တယ်လီဖုန်းတောင်မရှိဘူး။”
မိန်းမရတော့လည်း မှားပြီးရပြန်ရော။ သူ့ မိန်းမက သူ့ ကို တခြားတစ်ယောက်နဲ့ မှားပြီး လက်ထပ်ခဲ့တာ လို့ဆိုတယ်။ အိမ်ထောင်ရေးကလည်း အဆင်မပြေပါဘူး။
“ဘာလို အဆင်မပြေဖြစ်ရတာလဲ…”
“သူက တခြားတစ်ယောက်နဲ့  မှားပြီးလက်ထပ်ခဲ့တာလေ။ ကျွန်တော့်ကို တကယ်ချစ်တာမှ မဟုတ်ဘဲ။ အဲဒီတော့ သူချစ်တဲ့ သူ့ ချစ်သူဆီပဲ အမြဲတမ်းသွားနေတော့တာပေါ့။”
လူမှားပြီး ခဏခဏ အဖမ်းခံရဖူးတယ်။ သူ မယူဖူးတဲ့ အကြွေးတွေအတွက် အတိုးတောင်းတဲ့စာတွေ ခဏခဏရဖူးတယ်။
ခုဆေးရုံမှာ ဆရာဝန်ကသူ့ ကို အခုလိုပြောတော့ သူပျော်တောင်ပျော်သွားခဲ့တယ်ဆိုပဲ …
“ခင်ဗျား လူလောကမှာ သိပ်ကြာကြာ နေခွင့်မရတော့ဘူးဗျာ”
“ဒါလည်း ဆရာဝန်က ကျုပ်ကို လူနာမှားပြီး ပြောမိတာတဲ့။ တကယ်က ဘာမှဖြစ်လောက်တဲ့ ရောဂါမဟုတ်ပါဘူး။ အူအတက်ပေါက်ရုံကလေးပါ။ အခု ခင်ဗျားက ခွဲစိတ်ခန်းထဲမှာ ဘာအမှားအယွင်းမှမရှိဘူးဆိုတော့ ကျွန်တော်က ယုံရခက်ခက်ပေါ့ဗျာ”
ဒီမှာတင် ပြုံးပြီးနားထောင်နေတဲ့ သူနာပြုဆရာမလေးရဲ့ မျက်နှာဟာ တမဟုတ်ချင်း ညှိုးကျသွားတယ်။
“ရှင်က အူ.. အူအတက်ပေါက်တာ… ဟုတ်လား …”
“ဟုတ်တယ်လေ. . ကျုပ်က အူအတက်ပေါက်လို့  ဖြတ်ထုပ်ဖို့ အတွက် ဆေးရုံတက်ရတာလေ ... ဘာဖြစ်လို့လဲ…”
သူနာပြုဆရာမလေး ပြန်ပြောလိုက်တဲ့စကားက …
“ဒါဆို ရှင်က …
ယောက်ျားကနေ မိန်းမဖြစ်အောင် ခွဲစိတ်တဲ့ လူနာ မဟုတ်ဘူးပေါ့…”
credit : မူရင်း
copy~~~#ဆရာကိုနေလင်းအောင်
https://www.facebook.com/profile.php?id=100013337293130
ကျွန်တော်သိ၍ကျွန်တော်တတ်၍ရေးသားခြင်းမဟုတ်ပါကျွန်တော်လေ့ လာမိသမျှကိုစာဖတ်သူများထံပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်။
ကျွန်တော့် ပို့ စ်တစ်ခုချင်းဆီအတွက်မူရင်းရေးသားသူများကိုအထူးကျေးဇူးတင်ဥပကာရတင်ရှိပါတယ်။
ဖြိုးလေး(MyanmarYouth)ph-09791169860
Comments
Post a Comment