သင်္ဘောလေဆပ်
ရရှားသမ္မတ ပူတင် မြန်မာနိုင်ငံ ကို သိမ်းဖို့ကြံတယ် ဒါပေမဲ့ ဒီတိုင်းတက်သိမ်းလို့မရဘူး စစ်ဗျူဟာ အတွက် နယ်မြေအခြေအနေကို ကွင်းဆင်းလေ့လာဖို့လိုတယ်လေ။ အရင်ဆုံး မသိမ်းခင် သူလျှိုတစ်ယောက် ကို မြန်မာစကား သင်ပေးပြီးလွှတ်လိုက်တယ် ..ဒါပေမဲ့ ဟိုငတိက ရန်ကုန်လေဆိပ် ရောက်တာနဲ့ ရေနစ်သေသွားတယ်…။ အဲ့ဒီ့သတင်းကြားတော့ ပူတင် လန့်သွားလေရဲ့ ဟုတ်တယ်လေ ဘယ်နိုင်ငံက လေဆိပ်တွေမှာ ရေတွင်းရေကန်တွေ တူး ထားလို့တုန်း လွှတ်လိုက်တဲ့ သူလျှိုကလည်းပေါ့သေးသေးမဟုတ် အရေးကြီးတဲ့ နျူကလီးယား မစ်ရှင် တွေကိုတောင် ဆောင်ရွက်နိုင်တဲ့သူ အခုဟာက ရန်ကုန်လေဆိပ် ရောက်မှ ရေနစ်သေရတယ်လို့ ပူတင် ပေါက်ကွဲပြီး တောက်တစ်ချက်ေ ခါက်လိုက်တယ် ။ “တောက်…..” တစ်ခန်းလုံး ပူတင် ရဲ့တောက်ခေါက်သံ လွှမ်းမိုးသွားတယ် ဘေးမှာရှိတဲ့ဗိုလ်ချုပ်ကြီးတွေကအစ ဘာမှ ၀င်မပြောရဲဘူး ပူတင်ကပဲ ဆက်ပြီး “ဒီအတိုင်းဆိုရင်တော့ မဖြစ်တော့ဘူး ငါတို့လွှတ်လိုက်တဲ့ သူလျှို မှန်းသိလို့ တမင်ထေ၄ာင်ချောက်ဆင် လုပ်ကြံလိုက်တာဖြစ်မယ် ။ နောက်ထပ် အတော်ဆုံး သူလျှို သုံးယောက်ရွေးပြီး ထပ်လွှတ်ကွာ” “ရက်စ်…ဆာ” ရရှားနိုင်ငံရဲ့ အတော်ဆုံး သူလျှို သုံးယောက်ဖြစ်တဲ့ အာဘရန်ရယ်၊အဲဗက်ရယ် အလက်စီရယ်ကို ရွေးချယ်ြ...